Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှည်းကူးမြို့နယ်၊ ဘိုးရင်ကလေးကျေးရွာအုပ်စု၌ စပါးပျိုးခင်းနှင့်စပါးကြဲခင်းများတွင် ရွှေခရု ကျရောက် ဖျက်ဆီးခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး
Jul 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ဘိုးရင်ကလေးကျေးရွာအုပ်စုရှိ စပါးပျိုးခင်းများ၊ စပါးကြဲခင်းများနှင့် လယ်ကွင်းများပေါ်တွင် ရွှေခရုကျရောက် ဖျက်ဆီးခြင်းရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့မစျေးအတွင်း အစားအသောက်နှင့် မုန့်မျိုးစုံ ရောင်းချသော ဆိုင်များအား မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ…
Jul 14,2022
မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ဒေါက်တာစိုင်းမင်းသူထွန်း ဦးဆောင်သောအဖွဲ့သည် ယမန်နေ့က ချောက်ခရိုင်၊ ချောက်မြို့ နယ်၊ မြို့မစျေးအတွင်း အစားအသောက်နှင့် မုန့်မျိုးစုံရောင်းချသော ဆိုင်များအား ကွင်းဆင်း စစ်ဆေး၍ ကောင်းမွန်သောကျင့်စဉ်နှင့်အညီ ရောင်းချခြင်းရှိ၊ မရှိ စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်း (၅)နာရီ အချိန်၌ ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းစံလောင်က ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် အ-ထ-က(၁၉) နှင့် အလက(၁၈)၌ ထိုးနှံပေး
Jul 14,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Phase-11) ကို အခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ယမန်နေ့ နံနက် (၉) နာရီမှ စတင်၍ အ-ထ-က(၁၉)နှင့် အ.လ.က(၁၈)ထခွဲ တို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်
Jul 14,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာရေးအတွက် ဇာတ်တိုက် လေ့ကျင့်ခြင်းကို မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ကြီးကြပ်ပြီး ယမန်နေ့မွန်းလွဲပိုင်းက ရန်အောင်မြင်ရပ်ကွက်၊ ရန်အောင်မြင်ဘုရားကြီးကွင်းအတွင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့၊ စေတီကြီးပရိယတ္တိစာသင်တိုက်မှ သံဃာတော်အပါး( ၁၀၉) ပါးအား ဝါဆိုသင်္ကန်းဝါဆိုပန်းများ ဆက်ကပ်လှူဒါန်း
Jul 14,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ စေတီကြီးပရိယတ္တိ စာသင်တိုက်၌ ဝါဆိုဝါကပ်တော်မူကြမည့်သံဃာတော်(၁၀၉)ပါးတို့အား ဝါဆိုသင်္ကန်း ဝါဆိုပန်းများ ဆက်ကပ်လှူဒါန်းပွဲကို
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် အခြေခံပညာကျောင်း ကျောင်းသား/သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Jul 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်မထိုးနှံရသူများနှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉:၀၀)နာရီကစ၍ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်းတို့၌ စုရပ်(၃)နေရာသတ်မှတ်၍ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်တွင် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်း ညှိနှိုင်းစည်းဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17909
Page
17910
Page
17911
Page
17912
Current page
17913
Page
17914
Page
17915
Page
17916
Page
17917
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department