အမြို့မြို့အနယ်နယ်သတင်းများ

Dec 20,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး၊ ယာဉ်မတော်တဆမှုများ လျော့နည်းစေရေး အသိပညာပေး ဟောပြောပွဲကို အောက်ရွာကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Dec 20,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က အတွဲ(၁၉)၊ အမှတ်(၂၃)၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်မှ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားထားသော "ဆက်ဆံမှုနှင့်အောင်မြင်ရေး" ဆောင်းပါး ဖြင့် Youth Club အဖွဲ့ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Dec 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့်ကာယပညာကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံအလွတ်တန်း အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေနံနက် ၉ နာရီခွဲက ကျွန်းလှမြို့၊ ရွှေကျွန်းမြေ အားကစားခန်းမ၌ ကျင်းပကြောင်း သိရသည်။
Dec 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးပြီးစီးခဲ့သော မိုးစပါး ၁၁၀၇၅ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း မိုးနဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Dec 20,2022
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင် ပြည်မြို့နယ်၊ မြို့နယ်ဘောလုံးအားကစားကွင်း၌ ယနေ့ နံနက် ၇ နာရီက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Dec 20,2022
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် တောင်သူများ၏ လယ်ယာစိုက်ပျိုးမြေများတွင် ဆောင်းနေကြာသီးနှံ ၈၃၀ ဧကစိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ နေကြာသီးနှံဧက ၈၃၂ စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Dec 20,2022
ပဲခူးတိုင်းဒေသကြီး (အနောက်အပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ပေါင်းတလည်မြို့ လက်ပံတောအုပ်စုတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ပံတော-လယ်ပြင် ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း ​ခရိုင်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်းရေးဦးစီးဌာနမှ သိရသည်။
Dec 20,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မူလတန်းကြိုကျောင်းမှ(၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုနှင့် ဒီဇင်ဘာလအားကစားလှုပ်ရှားမှု ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ညောင်ဝိုင်းရပ်ကွက်၊ တောင်ပိုင်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။