ကျွန်းလှ၌ (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ကျွန်းလှ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့်ကာယပညာကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံအလွတ်တန်း အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေနံနက် ၉ နာရီခွဲက ကျွန်းလှမြို့၊ ရွှေကျွန်းမြေ အားကစားခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပိုက်ကျော်ခြင်းပြိင်ပြိုင်ကို ဌာနဆိုင်များမှ ပြိုင်ပွဲဝင်အသင်း () သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး အုပ်စု () အုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဆုရအသင်းများအား လွတ်လပ်ရေးနေ့တွင် ဆုချီးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောကြားသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ အားကစားသမားများနှင့် ဝါသနာရှင်များ ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)