အမြို့မြို့အနယ်နယ်သတင်းများ

Dec 20,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီခွဲက (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Dec 20,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် (TSDP) အစီအစဉ်အရ ကျင်းပပြုလုပ်သည့် အမျိုးသား/ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယမန့်နေ့ ညနေ ၆ နာရီက ခရိုင်ကြက်တောင်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်
Dec 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် မြေပြင်လူဦးရေစာရင်းကောက်ယူရေး တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Dec 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ကြီးခရိုင်၊ ရပ်စောက် မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာအုပ်ပြပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 20,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးဦးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာများအရောက် လစဉ်တစ်လလျှင်(၁၀)ရွာ ရွေးချယ်ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင်  ညောင်ကုန်းအုပ်စု ၊ ရွာသစ်ကုန်းရွာ ဘုန်းတော်ကြီး၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံနှင့်အဖွဲ့က ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Dec 20,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ပြည်သူလူထုမှ မှန်ကန်စွာ ရွေးချယ်တင်မြှောက်နိုင်ရေးနှင့် အခြေခံမဲစာရင်းများမှန်ကန်ရေးအတွက် မကွေးတိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို ယနေ့နံနက် ၈ နာရီအချိန်က မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။
Dec 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)အတွက် ဆေးရောင်ခြယ်ပြိုင်ပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Dec 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ပြည်နယ်အဆင့် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။