(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ပံတော-လယ်ပြင် ကုန်ထုတ်လမ်း ဖွင့်ပွဲကျင်းပ

ပြည် ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး (အနောက်အပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ပေါင်းတလည်မြို့ လက်ပံတောအုပ်စုတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ပံတော-လယ်ပြင် ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်းရေးဦးစီးဌာနမှ သိရသည်။

အခမ်းအနားတွင် ဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ခရိုင်ဦးစီးမှူး ဦးဟန်လင်းထွန်းမှ အဖွင့်အမှာစကားပြောကြား၍  ​ ​မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်ခိုင်ခင်မြဝင်းမှ ကုန်ထုတ်လမ်းဆောင်ရွက်မှုနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားကာ လက်ပံတောကျေးရွာသူ/ရွာသားများကိုယ်စား တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်ပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးနိုင်လင်းဦးနှင့် တာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လက်ပံတော-လယ်ပြင် ကုန်ထုတ်လမ်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးဌာနမှ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Htoo Khant Aung Co.Ltd  မှ တင်ဒါ အောင်မြင်၍ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လမ်းအမျိုးအစားမှာ မြေသား (၆၀၀၀' x ၁၄'x ')  မြေနီ ( ၆၀၀၀' x ၁၉' '') ဖြစ်ကာ လမ်းအရှည်မှာ (/.၀၉၁ မိုင် x ၁၂ 'x '-')ဖြစ်ပြီး ခွင့်ပြုငွေ (၇၅.၄၄၅)သန်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခု ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ခြင်းကြောင့် ကျေးရွာသူရွာသားများ
ရာသီမရွေး အဆင်ပြေစွာသွားလာ စိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် သီးနှံစိုက်ခင်းများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း ဈေးကွက်သို့ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် ပို့ဆောင်ရောင်းချနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုစိုး(ပြည်)