ရွှေကျင် ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မူလတန်းကြိုကျောင်းမှ(၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုနှင့် ဒီဇင်ဘာလအားကစားလှုပ်ရှားမှု ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ညောင်ဝိုင်းရပ်ကွက်၊ တောင်ပိုင်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရွှေကျင်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ပြုံးပြုံးရီက မူလတန်းကြိုကျောင်းမှ ဒီဇင်ဘာအားကစားလှုပ်ရှားမှုနှင့် လွတ်လပ်ရေးနေ့အကြို ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရွှေကျင်မြို့နယ်၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူ (၈၅)ဦးတို့က အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ ဆုရရှိသည့်ကျောင်းသား/ကျောင်းသူများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြုံးပြုံးရီနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် လက်ဆောင်ပစ္စည်းများ၊ ကလေးများအတွက် ဖြည့်စွက်အဟာရ အချိုရည်ဘူးနှင့် မုန့်များချီးမြှင့်ပေးခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများ၊ မူလတန်းကြိုကျောင်းမှဆရာ/ဆရာမများ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)