ဒိုက်ဦး ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က အတွဲ(၁၉)၊ အမှတ်(၂၃)၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်မှ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားထားသော "ဆက်ဆံမှုနှင့်အောင်မြင်ရေး" ဆောင်းပါး ဖြင့် Youth Club အဖွဲ့ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဆွေသက်အောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး Grade 8 ကျောင်းသူ မဝေဝေထွန်းက ဆက်ဆံမှုနှင့်အောင်မြင်ရေးတွင် ပါရှိသော အချက်များဖြင့် လည်းကောင်း၊ Grade 8 ကျောင်းသူ ယွန်းသစ္စာလှိုင်က အစွမ်းကုန်အမြင်ကျယ်ကျယ်ရှုမြင် သုံးသပ်ပါနှင့် Grade 8 ကျောင်းသား မောင်ထက်အာကာက ဆောင်းပါးအား ပြန်လည်ခြုံငုံ သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)