မိုးနဲ ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးပြီးစီးခဲ့သော မိုးစပါး ၁၁၀၇၅ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း မိုးနဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးများကို နိုဝင်ဘာတတိယအပတ်လောက်က စတင်ရိတ်သိမ်းကြရာ လက်ရှိအချိန်မှာတော့ မိုးစပါး ၁၁၀၇၅ ဧကလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်းများသောအားဖြင့် ဒေသစပါးမျိုး (ရှမ်းဆန်)ကို အဓိကထားစိုက်ပျိုးကာ ရွှေရင်အေးစပါး၊ DU-12 စပါးတို့ကိုပါစိုက်ပျိုးကြကြောင်းနှင့် တစ်ဧကအထွက်နှုန်းအနေဖြင့် ပျမ်းမျှ ၇၃ ဒသမ ၅၁ တင်းထွက်ရှိကြောင်း၊ မိုးစပါးများ ရိတ်သိမ်းပြီးနောက် သီးထပ်အဖြစ် ကြက်သွန်ဖြူနှင့် ပဲပုတ်သီးနှံများကို ရေတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)