ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင် ပြည်မြို့နယ်၊ မြို့နယ်ဘောလုံးအားကစားကွင်း၌ ယနေ့ နံနက် ၇ နာရီက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းမှ အဖွင့်အမှာစကားပြော၍ မြို့နယ်အာကာဦးစီးမှူးမှ ဖူဆယ်ပြိုင်ပွဲ ဘောလုံးစည်းကမ်းပိုင်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများအား မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အုပ်စု(က)တွင်ပါဝင်သော နဝင်းရပ်ကွက်(ခ)အသင်းနှင့် ခေတ္တရာရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစား၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို အုပ်စု(က)၊ အုပ်စု(ခ) ၊ အုပ်စု(ဂ)နှင့် အုပ်စု(ဃ) ယှဉ်ပြိုင်ကြမည်ဖြစ်ရာ အုပ်စုတစ်အုပ်စုတွင် ဘောလုံးအသင်း ၄သင်းဖြင့် စုစုပေါင်း ၁၆ သင်း ယှဉ်ပြိုင်ဖြစ်ကြောင်းသိရသည်။
ကိုစိုး(ပြည်)