ကျောက်တံတားမြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်တံတား ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျောက်တံတားမြို့နယ်(Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီကကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ကျောက်တံတားမြို့နယ် (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်စိန်က အဖွင့်အမှာစကားပြောကြားရာတွင် (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းတာဝန်များ၊ မြေပြင်ကွင်းဆင်း ကောက်ယူရေးသတ်မှတ်ရက်မတိုင်မီ မြို့နယ်အဆင့်ကော်မတီ၊ ရပ်ကွက်ကော်မတီနှင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့စသည်တို့ကိုဖွဲ့စည်းပြီး ကွင်းဆင်းကောက်ယူရေးသတ်မှတ်ရက်အတွင်းတွင် စနစ်တကျမှန်မှန်ကန်ကန်ပြီးစီးအောင် ဆောင်ရွက်ကြရန်မှာကြားပြီး  (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးက လူဦးရေစာရင်းမြေပြင်ကွင်းဆင်း ကောက်ယူရေးစီမံချက်ဆောင်ရွက်မည့် အခြေအနေတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)