မုံရွာ ဒီဇင်ဘာ ၂၄
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ပေါင်းစုံ အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည့်၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဆုချီးမြင့်ပွဲအခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် စစ်ကိုင်းခရိုင်ဘောလုံးအသင်းနှင့် ဟုမ္မလင်းခရိုင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးပြီး ဟုမ္မလင်းခရိုင်ဘောလုံးအသင်းမှ စစ်ကိုင်းခရိုင်ဘောလုံး အသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဆက်လက်ပြီး ဆုချီးမြင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးရရှိသော အားကစားသမားများနှင့် တတိယဆုရ ရွှေဘိုခရိုင် ဘောလုံးအသင်းတို့အား ဆုတံဆိပ်များ အသီးသီးပေးအပ်ချီး မြင့်ကြပြီး တိုင်းဒေသ ကြီးလူမူ ရေးရာဝန်ကြီး ဦးအေးလိူင်က ဒုတိယဆုရ စစ်ကိုင်းခရိုင်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား ပေးအပ်ချီးမြင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမဆုရ ဟုမ္မလင်းခရိုင်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုအား ပေးအပ်ချီးမြင့်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ ဆုရအားကစားသမားများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည့် ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ပေါင်းစုံ အခြေခံ ပညာကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အားကစားပြိုင်ပွဲများ အား ဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး စစ်ကိုင်း မြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူများက Fitness Dance အကဖြင့်ဖျော် ဖြေကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လူမူရေးရာဝန်ကြီးတို့က အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် သိန်း ၃၀ အား ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပိုက်ကျော်ခြင်း၊ ဘော်လီ ဘော၊ ပြေးခုန်ပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့် ပြိုင်ပွဲ များတွင် ဆုရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတောင်ရိုး ဆွမ်းဦး ပုညရှင်စေတီတော်၊ ဓမ္မရုံတော်တွင်ကျင်းပပြုလုပ်သော ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့၊ ရတနင်္ကရာကျောင်းတိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တ ကုဏ္ဍလ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက ကိုးပါး သီလခံယူဆောက်တည်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွမ်းဦးပုညရှင် ဂေါပကအဖွဲ့ထံ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ်သိန်း- ၇၀၀ (ခုနှစ်ရာ)အား ပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်လက်ခံရယူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တည်ဆောက်ရေးကော်မတီမှ တာဝန်ရှိသူများထံ အလှူရှင်များက အလှူငွေများ အသီးသီးပေးအပ်လှူဒါန်းကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပုညရှင်သာသနာ့ ဗိမာန်တော် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး ပုညရှင်သာသနာ့ ဗိမာန်တော်ကြီးတည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များမှ စုစုပေါင်းလှူဒါန်းငွေကျပ် သိန်းပေါင်း- ၉၆၃ (ကိုးရာခြောက်ဆယ်သုံးသိန်း)ကျပ် အား လှူဒါန်းခဲ့ ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး အနောက်ဘက်ရင်ပြင်တော်ပေါ်တွင် တည်ဆောက်မည့် အလျား -၁၀၈ ပေ၊ အနံ - ၅၄ ပေ၊ အမြင့် - ၁၈ ပေ ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းကွန်းတောင်ရိုး မြသိန်းတန်စေတီတော်ကြီး ပြန်လည်ပြုပြင်မွန်းမံနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဘုန်းတော်ကြီး၊ သီလရှင်များနှင့် ပြည်သူများသန့်ရှင်းသော သောက်သုံးရေရရှိစေ ရန်အတွက် ဧရာဝတီမြစ်ကြောင်း အရှည် ၄၅၀၀ ပေ၊ အကျယ် ၁၁၅ ပေ၊ အနက် ၈ ပေခွဲ၊ သောင်တူးခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီး ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက သောင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ သောင်းတူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်ဒေသကြီး၊ ပြန်/ဆက်