ခရမ်းမြို့နယ် ကြက်ခြေနီအသင်းမှ ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းများအား ကျေးရွာများသို့ ကွင်းဆင်းဖွင့်လှစ်

ခရမ်း  ဒီဇင်ဘာ ၂၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ကြက်ခြေနီအသင်းမှကြီးမှူး၍ ကျေးလက်နေပြည်သူများအား သဘာဝဘေးအန္တရာယ်နှင့် မတော်တဆထိခိုက်ဒဏ်ရာရရှိပါက ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် တွေ့ကြုံရပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းများကို ခရမ်းမြို့နယ် အ.ထ.က(ခွဲ) ကင်မွန်းခြုံကျောင်းတွင် ကွင်းဆင်း၍ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီ အသင်းမှ သိရှိရသည်။

အဆိုပါသင်တန်းကို ခရမ်းမြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ကျေးရွာများသို့ ကွင်းဆင်းကာ စာတွေ့၊ လက်တွေ့၊ ရှေးဦးပြုစုနည်းနှင့် အရေးပေါ် အသက်ကယ်နည်းစနစ်များကို သင်ကြားပြသ‌ပေးခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းအကြောင်း၊ အခြေခံမူနှင့် လိုက်နာဆောင်ရွက်ရမှုအကြောင်း၊ ကြက်ခြေနီ အမှတ်အသား အကြောင်းတို့ကို ရှင်းလင်းခဲ့ကြကြောင်း သိရသည်။ 

သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၇၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂ ရက်ကြာမြင့်ခဲ့ကြောင်း၊ သင်တန်းထူးချွန်သူများကို ဆုများပေးအပ်ချီးမြှင်ခဲ့‌ပြီး သင်တန်းတက်ရောက်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ကိုမင်း ( ခရမ်း )