လွိုင်လင်ခရိုင်၊ မြို့နယ်ပေါင်းစုံကျောင်းသားအကစားပွဲတော် အပြေးပြိုင်ပွဲကျင်းပ

လွိုင်လင် ဒီဇင်ဘာ  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ အထက(၁)ကျောင်း ဘောလုံးကွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့  နံနက်(၉)နာရီက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် တက်ရောက်၍ အမှာစကားပြောကြားပြီး အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် အမျိုးသား/ အမျိုးသမီး အပြေးပြိုင်ပွဲကို ခရိုင်အားကစားကွင်းတွင် ဆက်လက်ကျင်းပရာ အမျိုးသား /အမျိုးသမီး မီတာ ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၈၀၀ နှင့် မီတာ ၁၅၀၀ ပြိုင်ပွဲများကျင်းပသည်။

အဆိုပါ လွိုင်လင်ခရိုင်၊ မြို့နယ်ပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲတွင် လွိုင်လင်၊ နမ့်စန်၊ ကွန်ဟိန်း၊ လဲချား၊ မိုင်းကိုင်၊ မိုင်းရှူး၊ ကျေးသီးမြို့နယ်များမှ ကျောင်းသား/သူများ ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ခရိုင်ပြန် /ဆက်