(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်္ဂလာလမ်းသစ်ဖွင့်လှစ်

ကျောင်းကုန်း ဒီဇင်ဘာ ၂၅

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၂) ရပ်ကွက် မင်္ဂလာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပရာ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ကို မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်က ပေးအပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လက်ခံရယူခဲ့ပြီး အမှတ်(၂)ရပ်ကွက် မင်္ဂလာလမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ မင်္ဂလာလမ်းကွန်ကရစ်လမ်းသစ်သည် ကျောင်းကုန်းမြို့ စည်ပင်သာယာရေးအဖွဲ့ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ဈေးနှုန်းအဆိုပြုလွှာစနစ်ဖြင့် ဆောင်ရွက်မည့် ငွေလုံး ငွေရင်းလုပ်ငန်းမှ လမ်း၏အရှည် (၅၃၆)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ခင်းမည်ဖြစ် သော်လည်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူပူးပေါင်း၍ လမ်းအကျယ်(၄)ပေ တိုးချဲ့ကာ အကျယ် (၁၆)ပေ ခင်းကျင်းထားကြောင်းနှင့် ငွေကျပ် (၂၀.၃၃)သန်းဖြင့် ဆောင်ရွက်ထားကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံက  သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)