ဖောင်းပြင် ဒီဇင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်ရာ စာပေ ဝါသနာပါသည့် ပညာရေးဌာနမှ ကျောင်းဆရာ၊ ဆရာမများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်ဦးက ဌာနအနေဖြင့် ပြည်သူလူထုသို့ အသိပညာဗဟုသုတရရှိရေးလုပ်ငန်းများ ဆောက်ရွက်နေသည့် အခြေအနေများကို ပြောကြားပြီး စာဖတ်ဝိုင်းတွင် လာရောက်ဆွေးကြ သည့် စာပေဝါသနာရှင်များကို ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “လူငယ်နှင့်အောင်မြင်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ လူငယ်နှင့် အောင်မြင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရိုးသားခြင်း၏ ကြီးမြတ်သော ဂုဏ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အောင်မြင်ရေးအတွက် လက်ကိုင်မှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အချိန်အကန့်အသတ် ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြား ဆွေးနွေးပြီး စာပေဝါသနာရှင်များ အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)