ကန်ကြီးထောင့် ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာချင်းဆက်လမ်းနှစ်လမ်းအား ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ကန်ကြီးထောင့်မြို့နယ် ကျိုက်လတ် ပေါက်ကျွန်း စက်ကုန်းလမ်းပိုင်းအား ခွင့်ပြုငွေ ကျပ်သန်း ၂၃၄•၃၇၅ ဖြင့် ကွန်ကရစ်လမ်းအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင် နှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကိုကိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်၍ ကျိုက်လတ်မောင်းတီးကျေးရွာချင်းဆက်လမ်းအား ခွင့်ပြုငွေ ကျပ်သန်း ၁၈၇•၅၀ ဖြင့်ခင်းထားပြီးဖြစ်သော ကွန်ကရစ်လမ်းပိုင်း(၄)ဖာလုံအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆက်လက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ရပ်ကွက် (၇)ခု၊ ကျေးရွာအုပ်စု(၇၃)အုပ်စု ရှိ ကျေးရွာခွဲ (၃၈၆) ရွာတို့တွင် ကျေးရွာချင်းဆက်လမ်းများအား မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဘဏ္ဏာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်