သာပေါင်း ဒီဇင်ဘာ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင် ယနေ့ ယမန်နေ့နံနက် ၇ နာရီအချိန်ခန့်မှစတင်၍ အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများနှင့်ပြည်သူများ ပူးပေါင်း ဆောင်ရွက်နေကြ မြို့Clean City,Green City,Smart City ဖြစ်ပေါ်လာစေရေး အတွက်အမှိုက် ကောက်သန့်ရှင်းရေးများ ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ မှူးရဲမှူးလှဝင်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်နှင့် စစ်သည်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ပြည်သူများ ပူးပေါင်းပါဝင်ကာ အမှတ်(၂)ရပ်ကွက်၊ မြို့မအားကစားကွင်းမှ ဘောလုံးကွင်းလမ်းမတစ်လျောက်၊ ဥယျာဥ်တန်းလမ်း၊ ကန္နားလမ်းတစ်လျောက်၊ စည်ပင်သာယာပန်းခြံဝင်းအတွင်း၊ အပြင် ပလပ်စတစ်အမှိုက် သရိုက်ကောက် သန့်ရှင်းရေးများဆောင်ရွက်ကြပြီး စည်ပင်သာယာ အမှိုက်ကားဖြင့် ရှင်းလင်း သယ်ပိုးစွန်ပစ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)