မက်မန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာ စောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

မက်မန်း ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့(အ.ထ.က)ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို‌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျောင်းသားလူငယ်များအား အသိပညာ တိုးတက်စေရေးနှင့် လွတ်လပ်ရေး၏ အဓိပ္ပါယ်ကို နားလည်စေပြီး အစဉ်တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဉမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က လွတ်လပ်ရေး၏အနှစ်သာရ၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ် လာပုံသမိုင်းကြောင်း၊ လွတ်လပ်ရေးကို မြတ်နိုးပါစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် နံရံကပ် စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်များကိုလည်း ကျောင်းသား/သူများ လေ့လာသိရှိနိုင်ရေး ပြသ ပေးခဲ့သည်။

အဆိုပါအခမ်းအနားတွင် မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ  ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ (၈၀)ဦး တက်ရောက်ခံကြကြောင်းလည်း သိရသည်။

ပန်းကျင်(ခရိုင် ပြန်/ဆက်)