တောင်ဥက္ကလာပ ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယနေ့နံနက်(၈:၀၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန် ဆီနှင့်ကြက်ဥများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့သို့ရောင်းချရာတွင် စားဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ် နှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
အဆိုပါရောင်းချမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာဦးစီးဌာန၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ အမှတ်(၁၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ ကြောင်းသတင်းရရှိသည်။
စိုးဝဏ္ဏထွန်း(ပြန်/ဆက်)