ပြင်ဦးလွင် ဒီဇင်ဘာ ၂၆
ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန တို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ( ၃ / ၂၀၂၂ ) ဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁ ) ရှိ ရွှေစင်မင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ရှေးဉီးစွာ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မိုးလှိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နိုင်နိုင်စိုးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်းပြောကြားခဲ့၍ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၃ / ၂၀၂၂) ကို (၂၆ - ၁၂ -၂၀၂၂) ရက်နေ့မှ (၃၀- ၁၂ -၂၀၂၂ ) ရက်နေ့အထိ သင်တန်းကာလ ( ၅ ) ရက်ဖြင့် နံနက် ( ၀၉:၃၀ )နာရီမှ ညနေ (၀၄:၃၀)နာရီအထိသင်တန်းနည်းပြဆရာများမှ အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊
ခေါင်းလျှော်ရည်၊ ပန်းကန်ဆေး ဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ မှန်ကြည်ဆေးရည်၊ ကိုယ်တိုက်ဆပ်ပြာခဲ၊ မျက်နှာသစ်ဆပ်ပြာခဲ၊ ဆပ်ပြာခရင်၊ အနံ့ဆိုးပျောက်ဆေးရည်၊ ကြွေပြားသန့်စင်ဆေးရည်နှင့် လက်သန့်ဆေးရည်စသည့်တို့ကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချလျက်ရှိရာ ပြင်ဉီးလွင်မြို့ပေါ်ရှိ ရပ်ကွက်များမှ သင်တန်းသား (၂၀)ဦး တက်ရောက် သင်ကြားလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည် ။
ခရိုင် (ပြန်/ဆက်)