မြောင်းမြ ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ အ.ထ.က(၁) ပညာရတနာခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းအားစု (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖျန်းမြေဩဇာနှင့် ယူရီးယားမြေဩဇာ) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးမိုးမင်းနိုင်နှင့် အစိုးရအဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးခဲ့သည်။
၎င်းနောက် တက်ရောက်လာကြသော တောင်သူများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းအားစု (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖျန်းမြေဩဇာနှင့် ယူရီးယားမြေဩဇာ) များအား ဧရာဝတီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်တို့က ပေးအပ်ခဲ့သည်။ အဆိုပါ သွင်းအားစုများဖြစ်ကြသော ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဓာတ်မြေသြဇာများပေးအပ်ပွဲအခမ်းအနားကို ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများနှင့် တောင်သူ(၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)