တနင်္သာရီ ဒီဇင်ဘာ ၂၆
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲသို့ဝင်ရောက်၍ ယှဉ်ပြိုင်ကစားမည့် တနင်္သာရီမြို့နယ်(ကိုယ်စားပြု) အမျိုးသားဖူဆယ်ဘောလုံးအားကစားသမားများအဖွဲ့သည် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့သို့ထွက်ခွာကြောင်း သိရသည်။
တနင်္သာရီမြို့နယ်ကိုယ်စားပြု ဖူဆယ်ဘောလုံး အားကစားသမားအဖွဲ့အား မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ နည်းပြ/အုပ်ချုပ်သူအဖြစ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးနိုင်ကျော်ဝင်းက ဦးဆောင်၍ အားကစားသမား(၁၁)ဦးပါဝင်ပြီး၊ အောင်နိုင်ရေးအတွက် လေ့ကျင့်လျက်ရှိကြောင်း၊ ပြိုင်ပွဲကို(၃၀-၁၂-၂၀၂၂)နေ့တွင် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း နည်းစနစ်မှူး ဦးနိုင်ကျော်ဝင်းထံက သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)