ရွှေဘို ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရွှေဘိုတက္ကသိုလ်ပါမေက္ခချုပ် ဆရာမကြီးဒေါက်တာမျိုးမျိုးက အဖွင့်အမှာစကားပြောကြားရာ၊ ကျောင်းသားမောင်မယ်လူငယ်များအား မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်၊ လွတ်လပ်ရေး၏ အနှစ်သာရကိုသိရှိပြီး မြတ်နိုးထိန်းသိမ်းတတ်စေရန်ရည်ရွယ်ကျင်းပပေးရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်တင်ရီတို့က၊ စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ အား ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ လွတ်လပ်ရေး၏ အနှစ်သာရ၊ လွတ်လပ်ရေး အောင်လံမြူးလွင့်ချိန်၊ လွတ်လပ်ရေးအမွေအမြဲတည်တံ့ပါစေခေါင်းစဥ်များဖြင့်ကျောင်းသား/သူ(၆၄)ဦးပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်