မန္တလေး ဒီဇင်ဘာ ၂၇
မန္တလေး၊အောင်မြေသာစံခရိုင်အတွင်းရှိ ၂၀၂၁-၂၁၂၂၊ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ ဆရာ/ဆရာမများအား ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းနှင့် အခြေခံပညာကျောင်းများရှိကျောင်းသား/ ကျောင်းသူများအား စက်ဘီးများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အနှိပ်တော် ရပ်ကွက်၊ ၆၆လမ်း၊ ၂၀×၂၂ လမ်းကြားရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းတင်၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးစန်းအောင်၊ တိုင်း/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၁၀၀ ဦးခန့်တက်ရောက်ကြသည်။
အခမ်းအနားကို အမှတ်(၈)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသူလေးများက “ကမ္ဘာ့အဆင့်မီပညာရည်” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး၊ ဝန်ကြီးချုပ် ဦးမောင်ကိုက အဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၄)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ အောင်မြေသာစံမြို့နယ်မှ ဆရာ/ဆရာမ(၇၉၉)ဦးအတွက် ကျောင်းစိမ်းဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းနှင့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းသား/ ကျောင်းသူများအတွက် စက်ဘီး (၁၆၆)စီး၊ ပုသိမ်ကြီးမြို့နယ်မှအခြေခံပညာ ကျောင်းသား/ကျောင်းသူများအတွက် စက်ဘီးအစီး(၁၀၀)နှင့် မတ္တရာမြို့နယ်မှ အခြေခံပညာကျောင်းသား/ ကျောင်းသူများအတွက် စက်ဘီးအစီး(၁၀၀)တို့ကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ(၁)ဦးက “ပင်တိုင်စံ" သီချင်းဖြင့်က'ပြဖျော်ဖြေပြီး တာဝန်ရှိသူများ ၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် (၄)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁၇)ဦးအား ဂုဏ်ပြုဆုများ ချီးမြှင့်ပြီး၊ အောင်မြေသာစံခရိုင်အတွင်းရှိ ပုသိမ်ကြီးမြို့န ယ်အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမ (၈၂၃)ဦးနှင့် မတ္ထရာမြို့နယ်အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၉၆၄)ဦးအတွက် ကျောင်းဝတ်စုံများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ အမှတ် (၃၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက "ပြည်ထောင်စုအင်အား” သီချင်းဖြင့်လည်ကောင်း၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူများမှ “ပုဂံခေတ်ငါးခေတ်” အကဖြင့်လည်ကောင်း၊ အောင် မြေသာစံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာမများက “ဗိုလ်ရှုသဘင်" သီချင်းဖြင့် လည်ကောင်း ကပြဖျော်ဖြေကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်သည့် စက်ဘီးများကို ကျောင်းသား/ကျောင်းသူများက ကျုံးဘေးလမ်းတစ်လျှောက် စီနင်းပြသရာအား ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မြင့်မော်ထွန်း