ဒလမြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒလ ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီ အချိန်က မြို့မ(၄)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစည်သူကျော်က မြေပြင်ကွင်းဆင်းစားရင်းကောက်ယူရေး သင်တန်းဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုများ တိကျမှန်ကန်စေရေးနှင့် သင်တန်းပို့ချမှုများကို စိတ်ပါဝင်စားစွာ သင်ယူကြရန်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်အကြီးအကဲများ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ရပ်ကွက်၊ ကျေးရွာများမှ စာရေးများ တက်ရောက်ခဲ့ကြပြီးသင်တန်းကို  ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ အထိ သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်တန်သား၊သင်တန်းသူ(၃၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြင့်ဇော်(ပြန်/ဆက်)