အမြို့မြို့အနယ်နယ်သတင်းများ

Nov 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ မြို့မရဲစခန်း၊ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့သစ်တောဦးစီးဌာနနှင့် မြို့မီးသတ်ဦးစီးဌာနတို့စုပေါင်း၍ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ နောင်ပွန်းဘုန်းကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းအခြေပြုရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၂)ကို ယမန်နေ့ နံနက် (၉)နာရီက စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 06,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၊ တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာတွင် ပညာရေးမိသားစုများနှင့် ဆမ်မိန်းကျေးရွာပြည်သူတို့မှ စုပေါင်းပြုလုပ်သည့် (၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဆမ်မိန်းကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Nov 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​ မြောင်းမြမြို့နယ်တွင် နိုင်ငံတော်ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ၂၀၂၁-၂၀၂၂ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ခဲ့သော ရဟန်း၊ သာမဏေ၊ သီလရှင်များအား ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က စကြာသီဟ၊ စကြာနန္ဒ စေတီတော်ဝန်းအတွင်းရှိ ထွန်းညွှန့်ရတနာ စံကျောင်းတော်ကြီး၌ ကျင်းပခဲ့သည်။
Nov 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြီးမှူးကျင်းပသည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၃/၂၀၂၂ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အောင်ဇမ္ဗူရပ်ကွက်၊ အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ခင်လှ၊
Nov 06,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာအုပ်စု တောင်သူ ဦးလှမောင်၏ လယ်မြေဧက ၀.၁၀  ဧက ဆင်းသွယ်လတ်မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို စိုက်ပျိုးရေး ကြီးကြပ်ရေးကော်မတီဝင်များနှင့် အတူ ယမန်နေ့၊ နံနက်ပိုင်းက ရိတ်သိမ်းခဲ့သည်။
Nov 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခြင်း၊ အမိုးလန်ပျက်စီးခြင်းဖြင့် ထိခိုက်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများထံ ထောက်ပံ့ပစ္စည်းများကို ပြည်အေးခန်းမ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးကိုနိုင်နှင့် တာဝန်ရှိသူများက ထိခိုက်ခံစားခဲ့ရသူများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များထံသို့ ပေးအပ်ကြသည်။
Nov 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအလယ်တန်းကျောင်း(အစုကြီး)တွင် စာကြည့်တိုက်ပညာ ရက်တိုသင်တန်းကို နိုဝင်ဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြသည်။