သီပေါ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းအခြေပြုရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၂)ကို ယမန်နေ့ နံနက် (၉)နာရီက စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဒေါ်နန်းခင်ညွန့်လူက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကို ရှေးဦးပြုစုသည့် နည်းစနစ်များဖြင့် စနစ်တကျ ပြုစုဆောင်ရွက်ပေးတတ်စေရန်စသည့် သင်တန်းဖွင့်လှစ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များက အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၅၀)ဦးကို စာတွေ့၊လက်တွေ့ သင်ကြားပေးခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းကို နိုဝင်ဘာလ (၅)ရက်နေ့မှ (၇)ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြိုနယ်ကြက်ခြေနီ အသင်းခွဲမှ သိရသည်။
ခင်လေး(ပြန်/ဆက်)