ပုဏ္ဏားကျွန်း နိုဝင်ဘာ ၆
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာအုပ်စု တောင်သူ ဦးလှမောင်၏ လယ်မြေဧက ၀.၁၀ ဧက ဆင်းသွယ်လတ်မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို စိုက်ပျိုးရေး ကြီးကြပ်ရေးကော်မတီဝင်များနှင့် အတူ ယမန်နေ့၊ နံနက်ပိုင်းက ရိတ်သိမ်းခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မိုးစပါး အထွက်နှုန်း မှန်ကန်စေရေးအတွက် စစ်တွေ ခရိုင် မျိုးစေ့တာဝန်ခံ၊ ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများ ပါဝင်ရိတ်သိမ်းခဲ့ကြပြီး၊ ဆင်းသွယ်လတ် မိုးစပါး တစ်ဧကလျှင် စပါးတင်းအစို ၁၀၀.၇၁ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ ရပ်ကွက်ကျေးရွာအုပ်စု ၉၆ အုပ်စုရှိပြီး ရေမြေဒေသနှင့် ကိုက်ညီသော အထွက်ကောင်း မျိုးသန့်စပါးဖြစ်သည့် ဆင်းသွယ်လတ်မျိုးစပါးနှင့် ပေါ်ဆန်းရင်မျိုးစပါးကို တောင်သူအများစုက ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)