မိုင်းခုတ် နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ မြို့မရဲစခန်း၊ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့သစ်တောဦးစီးဌာနနှင့် မြို့မီးသတ်ဦးစီးဌာနတို့စုပေါင်း၍ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ နောင်ပွန်းဘုန်းကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းက ဩကာသကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ပြီး ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလနှင့်ပရိတ်တရားတော်များ နာယူဆောက်တည်သည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကထိန်အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)