အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ)တို့ ပူးပေါင်းပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာဗဟုသုတနှင့်ပြည့်စုံသော လူငယ်များများစွာပေါ်ထွန်းလာစေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးပြန်ကြားရေးနှင့်
Dec 01,2022
၂၀၂၂-ခုနှစ် ဒီဇင်ဘာ(၉)ရက်နေ့တွင်ကျရောက်မည့် (၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားနှင့်ပျော်ပွဲရွင်ပွဲများကို မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ လမ်းညွှန်မှု၊ ပူတာအိုမြို့နယ်ရဝမ်စာပေ နှင့်ယဉ်ကျေးမှုအသင်း၏ ဦးဆောင်မှုနှင့်အတူ ရဝမ်လူထုများဝိုင်းဝန်းပါဝင်ခြင်းဖြင့် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ် အမျိုးသားဉယျာဉ်၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ပူတာအိုမြို့နယ်ရဝမ်စာပေ နှင့်ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌဦးမဖန်းဆင်ဆုန်းထံမှသိရသည်။
Dec 01,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြို့ပေါ်ရပ်ကွက်ရှိ ဒိုင်းကျီဘုန်းတော်ကြီးကျောင်းနှင့် ကိုးနဝင်းတိုက်ပွဲရှောင်စခန်းသို့ လာရောက်ခိုလှုံနေသောပြည်သူများအတွက်  နီပွန်ဖောင်ဒေးရှင်းမှ တစ်လစာဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။      
Dec 01,2022
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့၊ မွန်းလွဲပိုင်းက မီးခိုးမြူငွေ့ အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။
Dec 01,2022
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
Dec 01,2022
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့သည် စိုက်ပျိုးရေးအတွက် အခြေခံကောင်းမွန်သော မြေအမျိုးအစားဖြစ်ပြီး တောင်ယာစိုက်ပျိုးရာတွင် ကောင်းမွန်သဖြင့် စုကလိမြို့နေပြည်သူများအနေဖြင့် ငရုပ်မျိုးများ စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုနှစ်အထွက် နှုန်းကောင်းမွန်ပြီး စျေးကောင်းရရှိကြောင်းသိရသည်။