ပူတာအိုမြို့၌ (၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပျော်ပွဲရွင်ပွဲများစည်ကား သိုက်မြိုက်စွာကျင်းပသွားမည်

ပူတာအို   ဒီဇင်ဘာ   ၁

၂၀၂၂-ခုနှစ် ဒီဇင်ဘာ(၉)ရက်နေ့တွင်ကျရောက်မည့် (၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားနှင့်ပျော်ပွဲရွင်ပွဲများကို မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ လမ်းညွှန်မှု၊ ပူတာအိုမြို့နယ်ရဝမ်စာပေ နှင့်ယဉ်ကျေးမှုအသင်း၏ ဦးဆောင်မှုနှင့်အတူ ရဝမ်လူထုများဝိုင်းဝန်းပါဝင်ခြင်းဖြင့် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ် အမျိုးသားဉယျာဉ်၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ပူတာအိုမြို့နယ်ရဝမ်စာပေ နှင့်ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌဦးမဖန်းဆင်ဆုန်းထံမှသိရသည်။

(၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားများကို ပူတာအိုမြို့နယ်တွင်သာမက ရဝမ်တိုင်းရင်း သားများနေ ထိုင်လျက်ရှိသော မြို့နယ်များတွင် မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းများမှဦး ဆောင်မှုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ရဝမ်အမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့် အခမ်းအနားများကျင်းပခြင်း၊ အဇီး လမ်းအက(မနောအက)စုပေါင်းပါဝင်ဆင်နွဲခြင်းများအပြင် ဂေါက်သီးရိုက်ပြိုင်ပွဲများ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော် ခြင်းပြိုင်ပွဲ၊ ဒူးလေးပစ်ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့်အခြား ပျော်ပွဲရွင်ပွဲများ၊ ရဝမ်စာပေဖြင့် ဆောင်းပါး၊ကဗျာပြိုင်ပွဲ များ၊လူမှုပရဟိတအဖွဲ့များနှင့် လူမှုဖွံ့ဖြိုးရေးထမ်းဆောင်ရှင်များ အားဂုဏ်ပြုဆုချီးမြှင့်ခြင်း အစီအစဉ်များလည်းထည့် သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရဝမ်အမျိုးသားနေ့ကို ရဝမ်အမျိုးသားများ ဖန်ဆင်းရှင်ဘုရားကို အတူတကွဝတ်ပြုနိုင်ရန်၊အမျိုးသား စိတ်ဓါတ်ရှင်သန် ထက်မြက်ရန်နှင့်ရိုးရာဓလေ့စရိုက်များ ဆက်လက်ထိန်းသိမ်းသွားရန်၊ရဝမ်အမျိုးသားများ သွေးစည်း ညီညွတ်ရေးနှင့်ရေရှည်တည်တံ့ခိုင်မြဲရန် ၊ ရဝမ်အမျိုးသားများ ဘက်စုံဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းဆောင် ရွက်ကြရန် ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ချက်အနက်မှ လူမှုရေးဦးတည် ချက်ဖြစ်သော “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်း စောင့်ရှောက် ရေး”ဟူသော လူမှုရေးဦးတည်ချက်ကို အကောင်အထည်ဖော်သောအားဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)