ဝါးခယ်မ ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မွန်ချောင်းမြောင်းနှင့် လက်ခွဲမြောင်းတူးဖော်နေမှုအားကြည့်ရှုစစ်ဆေး၍ လမ်းဘေးဝဲယာတစ်လျှောက်ရှိ ကျူးကျော်နေအိမ်များနှင့် ခြုံများရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် ကလိပ်ကျုံပတုပ်ကျေးရွာအုပ်စုတွင် ဆည်မြောင်းဦးစီးဌာနမှဦးဆောင်၍ မွန်ချောင်းမြောင်းနှင့် လက်ခွဲမြောင်းတူး ဖော်နေမှုများအား ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကိုမှာကြား ဆောင်ရွက်ခဲ့ကြာင်း သိရသည်။
ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များသည် လမ်းဘေးဝဲယာတစ်လျှောက်ရှိ ကျူးကျော်နေ အိမ်များအားရှင်းလင်းခြင်း၊ လက်ဘေးဝဲယာတစ်လျှောက်ရှိ ခြုံနွယ်များ၊ မြက်များရှင်းလင်းခြင်း လုပ်ငန်းကိုဆက်လက်ကြည့်ရှု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)