အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အင်းဖိုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နိုဝင်ဘာလ ၃၀ ရက်(နတ်တော်လဆန်း ၈ ရက်နေ့)တွင် ကျရောက်သည့် ပဥ္စမအကြိမ်မြောက် ဓနုအမျိုးသားနေ့ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Dec 01,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်၁၀နာရီက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ပေးမှုအကြောင်း အသိပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။                             
Dec 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်းပေးနေလျက်ရှိရာ ယနေ့တွင်မြို့နယ်ရုံးဝန်ထမ်းများက အ.မ.က(၃၀)ကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
Dec 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း ခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 01,2022
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
Dec 01,2022
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တံတားဦးမြို့နယ်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပကြောင်း သိရသည်။
Dec 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 01,2022
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့၊ တပ္ပလ္လင်နှစ်ဆူဓမ္မာရုံတွင် အသက်၂ နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များတို့အား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ထိုးနှံပေးခဲ့သည်။