စစ်ကိုင်းတိုင်းဒေသကြီး  အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

မုံရွာ   ဒီဇင်ဘာ    ၁

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ)တို့ ပူးပေါင်းပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာဗဟုသုတနှင့်ပြည့်စုံသော လူငယ်များများစွာပေါ်ထွန်းလာစေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ)မှ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်၊ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့် ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းမှ ကျောင်းသား ကျောင်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် အားကစားနှင့် လူငယ်‌ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ)မှ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်က မိတ်ဆက်စကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်အတူ အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့မှ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊လူငယ်နှင့်စာပေ၊လူငယ်နှင့်ကျား/မ တန်းတူညီမှု၊ လူငယ်နှင့် နိုင်ငံတကာဆက်ဆံရေး၊ လူငယ်နှင့်ပညာရေး၊ ဒါ့အပြင် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုများအကြောင်း၊ သုတေသနလုပ်ငန်းများအကြောင်း၊ သိပ္ပံနှင့်နည်းပညာ၊ စေတနာ့ဝန်ထမ်းလုပ်ငန်းများ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းအစရှိသည့် ခေါင်းစဉ်များ ကိုဦးဆောင် ဆွေးနွေးခဲ့ကြကာ တက်‌ရောက်လာကြသူများနှင့်လည်းအပြန်အလှန်‌ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အဆိုပါဆွေးနွေးပွဲအပြီးတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများအား အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)