အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နှစ်ပေါင်း(၁၄၀)ကျော်သက်တမ်းရှိ တွံတေးတူးမြောင်းသာယာလှပစေရေး၊ ဂေဟစနစ်ကောင်းမွန်စေရေး၊ ငါးသယံဇာတများပေါကြွယ်ဝရေးအတွက်ရည်ရွယ်ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တွံတေးတူးမြောင်းအတွင်း စည်းကမ်းမဲ့အမှိုက်များမစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၇ နာရီမိနစ် ၃၀ ကတွံတေးဆိပ်ခံဘောတံတား၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 01,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် မြို့မဈေးကြီး‌ရှေ့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၂နာရီက ဓမ္မစေတီလမ်း မြို့မဈေးရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများ အား အလုပ်ခွင်အရောက် ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့) ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ယမန်နေ့နံနက်က မြန်အောင် ရေနံမြေ ရုံးခန်းမ၌ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Dec 01,2022
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကျေးလက်ဒေသများသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀နာရီက ဘဲအင်းကျေးရွာအုပ်စု  ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
Dec 01,2022
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်သည်။
Dec 01,2022
ဒီဇင်ဘာလ ၁ ရက် ယနေ့တွင်ရောက်ရှိသည့် (World AIDS Day)ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါတိုက်ဖျက်ရေးနေ့  အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ပဲခူးတိုင်း‌ဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 01,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီက စတင်၍ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။