စုကလိ ဒီဇင်ဘာ ၁
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့သည် စိုက်ပျိုးရေးအတွက် အခြေခံကောင်းမွန်သော မြေအမျိုးအစားဖြစ်ပြီး တောင်ယာစိုက်ပျိုးရာတွင် ကောင်းမွန်သဖြင့် စုကလိမြို့နေပြည်သူများအနေဖြင့် ငရုပ်မျိုးများ စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုနှစ်အထွက် နှုန်းကောင်းမွန်ပြီး စျေးကောင်းရရှိကြောင်းသိရသည်။
အဆိုပါ စုကလိဒေသထွက် ငရုပ်သီးများအားစိုက်ပျိုးကြရာတွင် စတင်စိုက်ပျိုးပြီး ခူးဆွတ်ချိန်အထိ ကာလအားဖြင့် ကြာချိန် ၅လမှ ၆လအထိကြာမြင့်ပြီး ရင့်မှည့်လာသော ငရုပ်သီးခြောက်များအား နေရောင်တွင်အခြောက်ခံသန့်စင်နိုင်ပြီးရရှိလာသော ငရုပ်သီးခြောက်များအား ပြည်တွင်းစားသုံးမှု ဖူလုံနိုင်သော ငရုပ်သီးခြောက်များရရှိပြီးဖြစ်သည်။ စုကလိမြို့မှထွက်ရှိသော တောင်ယာငရုပ်သီးများသည် အရ သာကောင်းမွန်ထူးကဲ ခြင်းတို့ကြောင့် ယခုနှစ်တွင် ထိုင်း နိုင်ငံမှဝယ်ယူရာတွင် တစ်ကီလို ၆၅ ကျပ်သားပါ တစ်ထုပ်လျှင် ထိုင်းဘတ်ငွေ ၂၀၀ဘတ် မြန်မာကျပ်ငွေဖြင့် ၂သောင်းနီးပါး အထိစျေးကောင်းရရှိသည်။
စုကလိဒေသထွက် တောင်ယာငရုပ်သီးများအား ယခင်နှစ်များတွင် တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၁၀၀ သာရရှိပြီး ယခုနှစ်စျေးကောင်းရရှိသဖြင့် ပျော်ရွှင်လျက်ရှိကြောင်း တောင်ယာငရုပ်စိုက်ပျိုးသူ တစ်ဦးထံမှ သိရသည်။
ပိုပိုအောင်