မြန်အောင် ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား အလုပ်ခွင်အရောက် ရွေ့လျား ဆေးကုသယာဉ်ဖြင့် (အခမဲ့) ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ယမန်နေ့ နံနက်က မြန်အောင်ရေနံမြေ ရုံးခန်းမ၌ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးကုသပေးမှုကို လူမှုဖူလုံရေး (ရုံးချုပ်) နှင့် တော်ဝင်နဂါးရောဂါ ရှာဖွေရေး (ဓာတ်ခွဲခန်း) တို့ပူးပေါင်းပြီး မြန်အောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား အလုပ်ခွင်အရောက် ရွေ့လျား ဆေးကုသယာဉ်ဖြင့် (အခမဲ့) ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရွေ့လျားဆေးကုသယာဉ်ဖြင့် မြန်အောင်ရေနံမြေတွင် လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမား ကျား (၁၄၂) ဦး၊မ (၃၄) ဦးတို့အား အလုပ်ခွင်အရောက် ဆေးကုသပေးခဲ့ကြောင်းနှင့် ယနေ့နံနက်တွင် မြို့နယ် လူမှုဖူလုံရေးရုံး (မြန်အောင်) တွင်ဆက်လက် ဆေးကုသပေးလျက်ရှိပြီး မြန်အောင်မြို့ နယ်အတွင်းရှိ လူမှုဖူလုံရေး အကျုံးဝင်ထားသော အလုပ်သမားစုစု ပေါင်း (၁၁၈၄) ဦးရှိကြောင်း မြို့နယ် လူမှုဖူလုံရေးရုံး (မြန်အောင်) ဦးစီးအရာရှိ ဒေါ်ခင်မျိုးစန်း ထံမှသိရသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)
မြန်အောင် ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား အလုပ်ခွင်အရောက် ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့) ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ယမန်နေ့နံနက်က မြန်အောင်ရေနံမြေ ရုံးခန်းမ၌ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။