ညောင်တုန်း ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက ဆောင်းသီးနှံ(နေကြာ) လျာထားချက် ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးနှင့် အခြားစိုက်ပျိုးမွေးမြူရေး ကိစ္စရပ်များ၊ မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပရေးကိစ္စရပ်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရေးနှင့် e-ID စရင်းရေးသွင်းရေးကိစ္စရပ်များ ကိုလည်းကောင်း၊ အဖွဲ့ဝင်(၂) ဗိုလ်မှူးအောင်မျိုးသူက လုံခြုံရေးကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးမှာကြားပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဌာနနှင့်ရပ်ကွက်၊ ကျေးရွာများ အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)