ဇီးကုန်းမြို့နယ်တွင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်

ဇီးကုန်း ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကျေးလက်ဒေသများသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀နာရီက ဘဲအင်းကျေးရွာအုပ်စု  ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့် စည်းရုံးရေး စစ်ကြောင်းတို့၏ လုပ်ငန်းများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပံ့ပိုးပေးမှုများနှင့်ပတ်သက်၍ ရှင်းလင်းအမှာစကားပြေားကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအောင်ဝင်းထွန်းနှင့် ရဲမှူးမြင့်ကျော်တို့မှ နယ်မြေလုံခြုံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေး၊မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့အတွက်  ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြပြီး၊ နွေစပါးနှင့် ပဲတီစိမ်း အထွက်နှုန်းတို့စေရေး၊ လိုအပ်သောမျိုးကောင်းမျိုးသန့်များရရှိနိုင်ရေးနှင့် စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သွင်းအားစုများရရှိရေးတို့ကို ဆွေးနွေးခဲ့ပြီး၊ ပြည်သူများ၏ တင်ပြဆွေးနွေးချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဇီးကုန်းမြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါး လျာထားစိုက်ဧက(၆၄၅၇)ဧကရှိကြောင်းနှင့် ပဲတီစိမ်း လျာထားဧက (၁၅၉၉၂)ထားရှိရာတွင် အမှန်တကယ်စိုက်ဧက (၁၈၀၅၅) ဧကအထိ တိုးတက်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ (ပြန်ဆက်)