Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒဂုံတက္ကသိုလ်၌ လူငယ်လူရွယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Dec 08,2022
ကျောင်းသား၊ ကျောင်းသူ/လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒဂုံတက္ကသိုလ်တို့ ပူးပေါင်းစီစဉ်ကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/သူများ စာပေဗဟုသုတလေ့လာဖတ်ရှုနိုင်စေရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးတို့ကို ရည်ရွယ်ပြီး ယနေ့နံနက် (၉) နာရီက အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ် မြို့နယ်၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 08,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒီဇင်ဘာ ၈ရက်နံနက်ပိုင်းတွင် ဝယ်ဝင်ကရာ သုခမင်္ဂလာ ဘုန်းတော်ကြီးကျောင်း (ဓမ္မာရုံ)နှင့် ဝဲကလိကျေးရွာ ဘုရားလေးဆူဘုန်းကြီးကျောင်း (ဓမ္မာရုံ)တို့၌ ကွင်းဆင်း၍ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ အားကစားပစ္စည်းထောက်ပံ့ပေးခြင်းများ ဆောင်ရွက်
Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများသည် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ အားကစားပစ္စည်းထောက်ပံပေးအပ်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက အထကကျွန်းကုန်းကြီးကျောင်းနှင့် အထက(ခွဲ)ရှားပင်ထကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပံ့ပိုးပေးအပ်သည့် Mobile Solar နှင့် Rain Gun အသုံးပြု Solar ရေတင်စနစ်သရုပ်ပြပွဲ အခမ်းအနားကျင်…
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်အတွင်းရှိ ဆောင်းသီးနှံ(နေကြာ) စိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးရေရှိရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပံ့ပိုးပေးအပ်သည့် Mobile Solar နှင့် Rain Gun အသုံးပြု၍ Solar ရေတင်စနစ်သရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ဒလမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်
Dec 08,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စံပြကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေစေရန် အတွက် ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးများလုပ်ငန်းများ ဆောင်ရွက်မှုများအား တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစစ်ကြောင်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့၊ နေ့လယ်(၁:၀၀)နာရီ၌ ၃/ ရန်ပြေရပ်ကွက်၊ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်၊ (KG)တန်း ရှိကျောင်းသား၊ကျောင်းသူ(၄၆)ဦး အား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများမှ Body Mass Index(BMI) စစ်ဆေးခြင်း၊ အထွေထွေရောဂါရှာဖွေ စစ်ဆေးခြင်းတို့အား ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်မွန်းမြို့၌ ပြည်သူများမိုးတွင်းရိက္ခာဖူလုံရေး တစ်လစာဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်
Dec 08,2022
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးတွင်းရိက္ခာဖူလုံရေးအတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသခံ ပြည်သူများအတွက် ထောက်ပံ့ပေးအပ်သည့် ဆန်ရိက္ခာ(၁)လစာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့ပေါ်(၅)ရပ်ကွက်အတွက် ယမန်နေ့နံနက် ၁၀ နာရီတွင် လုံမောင်ခန်းမ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14427
Page
14428
Page
14429
Page
14430
Current page
14431
Page
14432
Page
14433
Page
14434
Page
14435
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department