အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြောပြိုင်ပွဲကို ယနေ့မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ စပါးမျိုးသန့်စိုက်ပျိုးသောတောင်သူများအတွက် ယူရီးယားဓါတ်မြေသြဇာများအား သတ် မှတ်ဈေးနှုန်းဖြင့် နောက်ဆုံးအကြိမ် ရောင်းချပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 08,2022
ကျောင်းသား၊ ကျောင်းသူ လူငယ်များဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်(၁၂)အချိန်က ရန်ကုန်တိုင်းဒေသကြီး၊  ဒေါပုံမြို့နယ်အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 08,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသားကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားလာစေရန်၊ မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကိုတန်ဖိုးထား ချစ်မြတ်နိုး တတ်စေရန်နှင့် ဉာဏ်ရည်ရည်သွေးများထက်မြက်လာစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက် နံနက် ၉နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
Dec 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်‌ရေးနေ့အထိမ်းအမှတ်အကြို စကားပုံဆက်ပြိုင်ပွဲကို ယနေ့မွန်းလွဲ (၂) နာရီက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Dec 08,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ  ဒီဇင်ဘာလ ၇ ရက်နေ့တွင် ၂၀၄ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Dec 08,2022
မြင်းမူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် “အစိမ်းရောင်စီးပွားရေး ကဏ္ဍ”(Green Economy) အကြောင်းသိကောင်းစရာ Talk Show ကျင်းပဆောင်ရွက် ခြင်းကို ဒီဇင်ဘာလ(၈)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။