ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ ခင်းကျင်းပြသခြင်းနှင့် ငှားရမ်းပေးခြင်းဆောင်ရွက်

ဝေါ ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများအား စာအုပ်စာစောင်များဖတ်ရှုနိုင်စေရန်နှင့် စာပေကိုချစ်မြတ်နိုးစေရန်အတွက် ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် ငှားရမ်းပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်း(အောင်ချမ်းသာ)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအား စာအုပ်၊ စာပေကို လေ့လာဖတ်ရှု့မှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ခြင်းကြောင့် အသိဉာဏ် ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးကို ရည်ရွယ်၍ Mobile Library သုံးဘီးယဉ်ဖြင့် သုတ၊ ရသ၊ ပုံပြင်၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း/ စာစောင်  စသည့် စာအုပ်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)