Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကြို့ပင်ကောက်မြို့ မီးသတ်တပ်ဖွဲ့စခန်းသို့ အသစ်ရောက်ရှိလာသော မီးသတ်အထာက်အကူပြုယာဉ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရ…
Jun 16,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် မီးသတ်ဦးစီးမှူးရုံးသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ အသစ်ထုတ်ပေးသော မီးသတ်အထောက်အကူပြုယာဉ်အား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ ဘေးကင်းလုံခြုံရေးနှင့် ရှေးဦးသူနာပြုစုခြင်း အသိပညာပေးဆွေးနွေးဟောပြော
Jun 16,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက ကြူတောကန်ကျေးရွာအုပ်စု၊ ကြူတောကန်ကျေးရွာနှင့် နတ်ပုတီးကျေးရွာတို့တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က မိုင်းအန္တရာယ်ဘေးကင်းလုံခြုံရေးနှင့် ရှေးဦးသူနာပြုစုခြင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် နှစ်စဉ်ကျင်းပမြဲ (၆၆) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပွဲ ကျင်းပမည်
Jun 16,2025
မြန်မာသက္ကရာဇ် ၁၃၈၇-ခုနှစ် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် (၆၆) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါင်းတည်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 16,2025
ဇူလိုင်လ ၃ ရက်နေ့၌ ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသက်သာစိုက်ပျိုးခြံအတွင်း ယမန်နေ့ နံနက်ပိုင်းက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်ပေးမှု တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပ…
Jun 16,2025
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝအချက်အလက်များ (Biometric Data ) ကောက်ယူ၍ UID (Unique Identification Number) နံပါတ်ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ရေးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီးဖြူသောင်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
စနေနေ့ အထူးသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ခြင်ဆေးမှုတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟေ…
Jun 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြည်သူ့ကျန်းမာရေးဌာနမှ ကြီးမှူး၍ ဇွန် ၁၄ ရက်နေ့ နံနက်ပိုင်းက သာကေတမြို့နယ်၊ ၇/အနောက်ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း၊ အမှတ် (၃၅) အ.မ.ကကျောင်း၌ စနေနေ့အထူးသန့်ရှင်းရေးဆောင်ရွက်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပြည်သူ့ကျန်းမာရေးဌာနမှ ခရိုင်မှူး Drအောင်ကိုဦး ဦးဆောင်၍ ဝန်ထမ်းများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ပညာပေးပိုစတာများပေးဝေခြင်း၊ ကိုဗစ်-၁၉ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပညာပေးလက်ကမ်းစာစောင်များ ပေးဝေခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးနည်းစနစ် ပြောင်းလဲစိုက်ပျိုးခြင်း Drum Seeder ဖြင့် စံပြစိုက်ပျိုး
Jun 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မကျည်းကျေးရွာအုပ်စု၊ မကျည်းကုန်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးနည်းစနစ် ပြောင်းလဲစိုက်ပျိုးခြင်း Drum Seeder စံပြစိုက်ပျိုးပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့၌ မိုးစပါး စိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ (၁) ဧကအထွက်နှုန်းတိုးစေရန် ကျပ်သန်း (၃၁၄.၈) နှင့်ညီမျှသော မျိုးစပါး၊ သွင်းအာ…
Jun 16,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် (သမဝါယမကဏ္ဍ) မှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက (၁၅၇၄) အတွက် (၁) ဧကအထွက်နှုန်းတိုးစေရန် သမဝါယမအသင်းသား တောင်သူများအား ကျပ်သန်း (၃၁၄.၈) နှင့်ညီမျှသောမျိုးစပါး၊ သွင်းအားစုပေးအပ်ပွဲကို ဇွန်လ (၁၆) ရက် နေ့လယ်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1385
Page
1386
Page
1387
Page
1388
Current page
1389
Page
1390
Page
1391
Page
1392
Page
1393
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department