အမြို့မြို့အနယ်နယ်သတင်းများ

Jun 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် ယမန်နေ့နေ့လည်ပိုင်းက အမှိုက်အမျိုးအစားခွဲခြားခြင်း၊ အမှိုက်ပုံးအ‌အရောင်ခွဲသတ်မှတ်ခြင်း အသိပညာပေးဟောပြောခြင်းကို မြို့မဈေးရှေ့တွင် လည်းကောင်း၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ရုံး‌ရှေ့နှင့် အ-ထ-က(အင်္ဂပူ) ကျောင်းရှေ့တို့တွင် ပြုလုပ်ခဲ့သည်။
Jun 16,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ယနေ့နံနက်ပိုင်းက မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ ‌ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ စီစဉ်ဆောင် ရွက်သော ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု အစီအစဉ်အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Jun 16,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများသည် စက်မှုလယ်ယာဦးစီးဌာနနှင့် ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက စက်မှုလယ်ယာဦးစီးဌာနတွင် ပျိုးဗန်းများ ပြုလုပ်ကြသည်။
Jun 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီအလိုက် သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ စပါးလင်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Jun 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စွန့်ပစ်ပစ္စည်းများ စနစ် တကျ စွန့်ပစ်တတ်စေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 16,2025
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ (၂၀၂၅) ခုနှစ်တွင်ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက် နံနက် (၉) နာရီက ဖြေဆိုလျက်ရှိရာ မြို့နယ်ရှိစာစစ်ဌာန (၂) ခုတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Jun 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွန်မှုဖြင့် ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊အမှတ် (၈၀) ယာဥ်ထိန်းတပ်ဖွဲ့စု (ဖျာပုံ) နှင့် မြို့နယ်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ မြို့နယ်အတွင်း သွားလာလျက်ရှိကြသော မော်တော်ယာဥ်မောင်းနှင်ကြသူများအား ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို့ ဇွန်လ (၁၆) ရက်နေ့ နံနက် (၉) ရီအချိန်က မြို့နယ်အတွင်း လိုက်လံအသိပညာပေးဆောင်ရွက်ကြသည်။
Jun 16,2025
၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် G12စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးလျက်ရှိရာ ဟိုပင်မြို့တွင် ယနေ့ဇွန်လ ၁၆ ရက်နေ့ နံနက် ၉ နာရီမှစတင်ကျင်းပရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ရှိ အ.ထ.က (ဟိုပင်) စာစစ်ဌာနတွင် မြန်မာစာဘာသာရပ်အား လာ‌ရောက်ဖြေဆိုသူ (၉၇) ရာခိုင်နှုန်းကျော်ထိရှိခဲ့ကြောင်း သိရသည်။