ပေါင်းတည် ဇွန် ၁၆
ဇူလိုင်လ ၃ ရက်နေ့၌ ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသက်သာစိုက်ပျိုးခြံအတွင်း ယမန်နေ့ နံနက်ပိုင်းက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်က ဦးဆောင်၍ ကျွန်း၊ စိန်ပန်းဝါ၊ စိန်ပန်းနီ၊ ခရေ၊ ကံကော်၊ ပိတောက်၊ မယ်ဇယ် သစ်ပင်မျိုးစိတ် ၇ မျိုး၊ ပျိုးပင်ပေါင်း ၃၀၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
ရွှေသား