ပေါင်းတည်၌ ဘေးကင်းလုံခြုံရေးနှင့် ရှေးဦးသူနာပြုစုခြင်း အသိပညာပေးဆွေးနွေးဟောပြော

ပေါင်းတည် ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက ကြူတောကန်ကျေးရွာအုပ်စု၊ ကြူတောကန်ကျေးရွာနှင့် နတ်ပုတီးကျေးရွာတို့တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က မိုင်းအန္တရာယ်ဘေးကင်းလုံခြုံရေးနှင့် ရှေးဦးသူနာပြုစုခြင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ကြူတောကန်ကျေးရွာနှင့် နတ်ပုတီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် အခြေပြုကာ လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေတွင် ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် မိုင်းအန္တရာယ်ကင်းဝေးစေရေး ရှောင်ရန်၊ ဆောင်ရန်နှင့် လိုက်နာနေထိုင်သွားလာရမည့် အချက်များကိုအသိပညာပေးဟောပြောခဲ့ပြီး ရှေးဦးသူနာပြုစုခြင်းကို လက်တွေ့ပြသဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါဆွေးနွေးဟောပြောပွဲသို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျေးလက်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေသား