ကြို့ပင်ကောက် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် မီးသတ်ဦးစီးမှူးရုံးသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ အသစ်ထုတ်ပေးသော မီးသတ်အထောက်အကူပြုယာဉ်အား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါမီးသတ်အထာက်အကူပြုယာဉ်တွင် ဆီမီးလောင်မှုများအား အလွယ်တကူ ငြိမ်းသတ်နိုင်ရန် Foam ဆေးရည်ဂါလံ ၉၀၀ နှင့် ရေဂါလံ ၂၈၀၀ ထည့်သွင်းအသုံးပြုနိုင်ကြောင်း မီးသတ်ရေစုတ်စက်တစ်လုံး BA set အသက်ရှူကိရိယာတစ်လုံး ချိန်းဇောလွှစက်တစ်လုံးနှင့် မီးသတ်ဆေးဗူး 5KG လေးဗူးတို့ အတူပူးတွဲပါရှိသောကြောင့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်တို့ဖြစ်ပွားလာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုထိရာက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြာင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းနိုင်က ပြောသည်။
ကြို့ပင်ကောက်မြို့နယ် မီးသတ်တပ်ဖွဲ့တွင် မီးငြိမ်းသတ်ယာဉ် ၅ စီး မီးသတ်ရေသယ်ယာဉ် ၃ စီးနှင့်တို့ရှိရာ ယခုအသစ်ရောက်ရှိလာသော မီးသတ်အထောက်အကူပြုယာဉ်နှင့်ဆိုလျင် စုစုပေါင်း ၉ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်တို့ ဖြစ်ပွားလာပါက အတူပူးတွဲတာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျတု (ပြန်/ဆက်)