သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် နှစ်စဉ်ကျင်းပမြဲ (၆၆) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပွဲ ကျင်းပမည်

ပုဇွန်တောင် ဇွန် ၁၆

မြန်မာသက္ကရာဇ် ၁၃၈-ခုနှစ် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် (၆၆) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဂေါတမမြတ်စွာဘုရားရှင် ဘုရားအဖြစ်ကိုရတော်မူပြီး ပဉ္စဝဂ္ဂီငါးဦးအား ပထမဆုံးဓမ္မစကြာတရားဦးဟောကြားသည့် နေ့တစ်နေ့ဖြစ်သည့် ဝါဆိုလပြည့်နေ့တွင် သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး နံနက် ၅:၃၀ နာရီအချိန်တွင် ရင်ပြင်တော်တွင်း သီတင်းသုံးတော်မူသော သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းကပ်လှူပြီးနောက် နံနက် ၉ နာရီတွင် သီလပေးတရားတော်နာခြင်း၊ နေ့လယ်နာရီ ၃၀ မိနစ်တွင် အလုပ်ပေးတရားများကို ဟောဖော်ညွှန်ပြဆိုဆုံးမမည်ဖြစ်ပြီး နေ့လယ် ၃ နာရီအချိန်တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲအား ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သို့ပါ၍ ဘုရားဖူးလာရောက်သူ အလှူရှင်များအနေဖြင့် သင်္ကန်းတစ်စုံလျှင် ၄၀၀၀၀/- ကျပ်နှုန်းဖြင့် မည်သူမဆို လာရောက်ကုသိုလ်ယူဝါဆိုသင်္ကန်းကပ်လှူနိုင်ပါကြောင်းနှင့် ဝါတွင်းကာလအတွင်း မနက်သီလပေးတရားပွဲ၊ နေ့လယ်အလုပ်ပေးတရားပွဲများ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ နိဗာန်အကျိုးမျှော်နှိုးဆော်ထားကြောင်း သိရသည်။

ဟန်စုယဉ်