အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ကို ပြန်လည်ကျင်းပစစ်ဆေးခြင်းများကို သက်ဆိုင်ရာစာစစ်ဌာနများတွင် ဇွန် ၁၆ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ရမည်းသင်းခရိုင်အတွင်း သတ်မှတ်စာဖြေဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဝင်ရောက်ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုခဲ့ကြသည်။
Jun 17,2025
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်(၉)နာရီက ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ခန်းမ၌ ကျင်းပသည်။
Jun 17,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အလွတ်တန်း(အမျိုးသား) ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်  ၁၆ ရက်နေ့ညနေပိုင်းက ထားဝယ်မြို့ ၊ ရွှေဝယ်သီရီအား ကစားကွင်း၌ ကျင်းပခဲ့သည်။
Jun 17,2025
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  မွန်းလွဲပိုင်းက  ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
Jun 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ၂၀၂၅ -၂၀၂၆ အဓိကသီးနှံ (၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် မြို့နယ်ဦးစီးမှူး၊ ကွင်းတာဝန်ခံ ရှေ့တန်းမှူး ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က အဆိုပါခန်းမ၌ ​ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Jun 17,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ရပ်စောက်-ရွှေညောင်-တောင်ကြီး ဟက်ကယ်(ဟဲကယ်)လမ်းတွင် ၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက်နေ့၌ မိုးရေချိန် ၁.၁၈ လက်မ မိုးရွာသွင်းမှုကြောင့် ရေပြင်အကျယ် ပေ ၂၀၀ နှင့် ရေအနက် ၁ ပေ ၆ လက်မခန့် ရေကျော်မှုဖြစ်ပွားသည့် နေရာကို ယမန်နေ့နံနက် ၁၀ နာရီခွဲက တောင်ကြီးမြို့ ဟက်ကယ်(ဟဲကယ်)လမ်းအသုံးပြုခကောက်ခံရေးဂိတ်အဟောင်း၌ ကြည့်ရှုစစ်ဆေးခဲ့သည်။
Jun 17,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက၂၀၂၅-၂၀၂၆ စိုက်ပျိုးရာသီ မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနယာယီရုံး၌ ဖွင်လှစ်ကြောင်း သိရသည်။