Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရေတာရှည်မြို့နယ်၌ စနစ်တကျအမှိုက်ခွဲခြား စွန့်ပစ်ရေးအသိပညာပေးဆောင်ရွက်
Jun 17,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပတ်ဝန်းကျင်သန့်ရှင်းစေရန်နှင့် အမှိုက်များ စနစ်တကျစွန့်ပစ်စေရန်အတွက် တောင်ငူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အ.ထ.က(ရေတာရှည်)ကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်သမန်ကျေးရွာ၌ မှတ်ပုံတင်ကတ်များ ကွင်းဆင်းဆောင်ရွက်
Jun 17,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမှ မပြုလုပ်ရသေးသော ကျေးရွာသူ/သားများအား ဇွန်လ ၁၆ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ ခေါင်နှံမိုးစပါး ၁၀၀၀ မျိုးစေ့ချပျိုးထောင်ခြင်း အသိပညာပေးဆောင်ရွက်
Jun 17,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၈ နာရီက နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ တောင်သူ ဦးစိုင်းအင်၏ လယ်မြေနေရာတွင် DU-12 မျိုး ခေါင်နှံမိုးစပါး စိုက်ပျိုးရန် ဘောင်ပျိုးစနစ်ဖြင့် မျိုးစေ့ချပျိုးထောင်ခြင်းနှင့်အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်၊၊
အပြည့်အစုံ ဖတ်ရန်
Child Friendly Spaces Training for Facilitators and Implementers သင်တန်းဖွင့်ပွဲ ကျင်းပ
Jun 17,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်းရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းကျင်းပသော Child Friendly Spaces Training for Facilitators and Implementers သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ParkRoyal Hotel တွင် ကျင်းပရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်က အမှာစကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 17,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စုရှိ အခြေခံပညာကျောင်းများ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 17,2025
လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်နှင့်ဉာဏ်ဏစွမ်းရည်မြှင့်မားစေရေးအတွက် ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စုရှိ အ-မ-က ရာခိဘောင်ကျောင်းနှင့် မူ(လွန်)ထန်းတပင်ကျောင်းတို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန် ၁၇ ရက်နေ့က နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်း အထက(ခွဲ)ကျောင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေးရှင်းလင်းပွဲ ကျင်းပ
Jun 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေး ရှင်းလင်းပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါကျောင်း၏ စာသင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းအခြေပြု ဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ပါးရေး (နည်းပြ) သင်တန်းဖွင့်လှစ်
Jun 17,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းကျင်းပသော ကျောင်းအခြေပြု ဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ပါးရေး (နည်းပြ) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Rose Garden Hotel တွင် ကျင်းပရာ အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်မြသူက အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1355
Page
1356
Page
1357
Page
1358
Current page
1359
Page
1360
Page
1361
Page
1362
Page
1363
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department